ရွေးကောက်ပွဲ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်တပ်က လမ်းမှာ‌တွေ့တဲ့ ရွာသားသုံးဦးကို ဖမ်းဆီးပြီး သင်္ချိုင်းကုန်းတွင်ပစ်သတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲစု-ပျဉ်ထောင်လမ်းခွဲတွင် ပြည်သူသုံးဦး အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသားသုံးဦးကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပျဉ်ထောင်ရွာသင်္ချိုင်းကို ခေါ်ဆောင်ကာ ဝမ်းလျားမှောက်ခိုင်းပြီး ဦးခေါင်းကို ချိန်ရွယ် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်သတ်ခံရသူတွေက တဲစုရွာသားတွေဖြစ်ပြီး ဦးစိန်ပို...
Read More

နောက်ဆုံးရသတင်း

ယောဒေသ၊ဂန့်ဂေါမြို့ပေါ် ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်၊ စစ်တပ်အဖွဲ့ဝင်တွေ ထိခိုက်မှုရှိ

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့လယ်က စစ်တပ်အဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီကနေ သိရပါတယ်။ “အသံအကျယ်ကြီးကို ပေါက်ကွဲသွားတာ။...
Read More

လူ့အခွင့်အရေးနေ့မှာ စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကြီးကို လေကြောင်းတိုက်ခိုက်

အာရက္ခပြည်၊ မြောက်ဦးမြိုက ပြည်သူ့ဆေးရုံကြီးကို လူ့အခွင့်အရေး‌နေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က လေကြောင်းက‌နေ တမင်တကာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆားလင်းကြီးမြို့နယ် နဲ့ ရေစကြိုမြို့နယ်ထဲက ကျေးရွာတွေလည်း အသံတိတ်သပိတ်မှာပါဝင်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် နဲ့ ရေစကြိုမြို့နယ်ထဲက ကျေးရွာတွေလည်း အသံတိတ်သပိတ်ကို ပါဝင်ခဲ့ကြပါတယ်။ ဓာတ်ပုံ-ပေးပို့

ကျောက်ပန်းတောင်းလည်း အသံတိတ်သပိတ်မှာ ပါဝင်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ဟာလည်း ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြပါတယ်။ Photo- GCBS

ဝက်လက်မှာ အသံတိတ်သပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။ Photo- GCBS

ချင်းပြည်နယ်၊ တီးတိန်မြို့က အသံတိတ်သပိတ်မြင်ကွင်း

ချင်းပြည်နယ်မြောက်ပိုင်းက အာဏာသိမ်းစစ်တပ်တည်ရှိတဲ့ တီးတိန်မြို့ပေါ်မှာလည်း အသံတိတ်သပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
error: Content is protected !!